ဖျာပုံ မေ ၂၁

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာ လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ဖျာပုံမြို့ ပဉ္စမာရဇိံဆုတောင်းပြည့် ရွှေသာလျောင်းဘုရားကြီးတန်ဆောင်း၌ ပြုလုပ်သည်။ 

 

ထိုသို့ ရောင်းချပေးရာတွင် စားသုံးဆီ၊ ဆန်၊ ကြက်ဥများကို သက်သာသောစျေးနှုန်းဖြင့် ဆီတစ်ပိဿာလျှင် ကျပ် ၈၅၀၀ နှုန်း၊ ဆန်တစ်ပြည်လျှင် ကျပ်၂၅၀၀ နှုန်း၊ ကြက်ဥခုနစ်လုံးလျှင် ကျပ်၂၅၀၀ နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)