နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၂၀) သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန် မေ ၂၇

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ယနေ့ နံနက် ၈ နာရီတွင် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၂၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

 

အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၂၀)သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား (၉၃)ဦး၊ သင်တန်းသူ (၉၅)ဦး၊ စုစုပေါင်း (၁၈၈)ဦးတို့ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ မေ ၂၇ ရက်မှ ဩဂုတ် ၁၆ ရက်အထိ ရက်သတ္တ (၁၂)ပတ်ကြာ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်