နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ်(၉)နှင့် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၇) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် မေ ၂

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ယနေ့နံနက်ပိုင်းတွင် အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၉)နှင့် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၇) သင်တန်းဖွင့်ပွဲ အခမ်းအနားများကို Online Learning System ဖြင့် ကျင်းပသည်။ 

 

သင်တန်းဖွင့်ပွဲအခမ်းအနားများတွင် ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ 

 

အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၉)သို့ သင်တန်းသား (၅၀)ဦး၊ သင်တန်းသူ (၅၀)၊ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ကြပြီး မေ ၂ ရက်မှ ဩဂုတ် ၁၈ ရက်အထိ Distance Learning ဖြင့်လည်းကောင်း၊ ဩဂုတ် ၂၈ ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ In-House Learning ဖြင့်လည်းကောင်း ဖွင့်လှစ်မည်ဖြစ်သည်။

 

အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၇)သို့ သင်တန်းသား (၈၈)ဦး၊ သင်တန်းသူ (၁၀၁)ဦး စုစုပေါင်း (၁၈၉)ဦး တက်ရောက်လျက်ရှိပြီး မေ ၂ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ Distance Learning ဖြင့်လည်းကောင်း၊ စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ In-House Learning ဖြင့်လည်းကောင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ 

 

သတင်းစဉ်