ရန်ကုန် မေ ၁၈

 

အရာထမ်းအခြေခံသင်တန်းအမှတ်စဉ် (၂၂၆) ၏ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရတနာ သိင်္ဃခန်းမ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲသို့ ပါမောက္ခချုပ် ဦးကျော်ထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ပညာဌာန များမှ ပါမောက္ခ (ဌာနမှူး) များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး ပါမောက္ခချုပ် ဦးကျော်ထွေးက သင်တန်းဖွင့် အမှာစကားပြောကြားသည်။

 

အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၂၆)သို့ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ သင်တန်း သား ၉၅ ဦး၊ သင်တန်းသူ ၁၁၄ ဦး စုစုပေါင်း ၂၀၉ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၁၈ ရက်မှ ဩဂုတ် ၇ ရက်အထိဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်