ရန်ကုန် မေ ၂၅
စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၈) ၏ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ပညာဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းများမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပါမောက္ခချုပ် ဦးကျော်ထွေးက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
သင်တန်းအမှတ်စဉ် (၂၁၈) သို့ ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းများမှ သင်တန်းသား ၁၈၉ ဦး၊ သင်တန်းသူ ၂၈၅ ဦး စုစုပေါင်း ၄၇၄ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ၂၅ ရက်မှ ဇူလိုင် ၃၁ ရက်အထိဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


