နေပြည်တော် ဇွန် ၁

 

အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ် (၁၅) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရှိ ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

 

ဖွင့်ပွဲတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်က “သန့်ရှင်းသည့် အစိုးရ၊ ကောင်းမွန်သည့် အုပ်ချုပ်မှု ဖြစ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ သစ္စာ၊ သမာဓိ၊ ပညာနှင့်ပြည့်စုံသော ဝန်ထမ်းကောင်းများဖြစ်အောင် ပြုမူကျင့်ကြံနေထိုင်ကြရန် တိုက်တွန်းမှာကြားသည်။

 

အဆိုပါသင်တန်းအား သင်တန်းသား ၇၃ ဦး၊ သင်တန်းသူ ၇၇ ဦး စုစုပေါင်း ၁၅၀ ဖြင့် ဇွန် ၁ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။

 

ဆက်လက်၍ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းများအလိုက် သင်ခန်းစာပို့ချမှုအခြေအနေ၊ သင်တန်းအိပ်ဆောင်များ၊ စားရိပ်သာများကို ကြည့်ရှုစစ်ဆေးပြီး သရဖီဆောင်စားရိပ်သာ၌ အရာထမ်းအခြေခံသင်တန်းအမှတ်စဉ် (၂၂၆) သင်တန်းသူများနှင့်အတူ နေ့လယ်စာသုံးဆောင်ကာ ဝန်ထမ်းအိမ်ရာများတွင် ရာသီသီးနှံစိုက်ပျိုးထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်