နိုဝင်ဘာလ လပတ်အတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်

အောက်တိုဘာ  ၂၈

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ လပတ်အတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်များကို (၂၈.၁၀.၂၀၂၁)ရက်နေ့တွင် အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်---

၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ရွှေကူမြို့တို့တွင် (၄)ပေမှ (၇)ပေခန့်၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူ မြို့တို့တွင် (၁၀)ပေမှ (၁၃)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပြီး ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတ မြို့နှင့် ဇလွန်မြို့တို့တွင်(၃)ပေမှ (၅)ပေခန့်လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သည်။

 ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့နှင့် ကလေးဝမြို့ တို့တွင် (၅)ပေမှ (၉)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပြီး၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်မှ (၁)ပေခွဲခန့် လက်ရှိရေမှတ်များ လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်သည်။

 မြစ်သာမြစ်ရေသည် ကလေးမြို့တွင် (၅)ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ပေဝက်ခန့်၊ ရွှေစာရံနှင့်မြစ်ငယ်မြို့တို့တွင် (၂)ပေမှ(၄)ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့်မဒေါက်မြို့ တို့တွင် (၃)ပေမှ (၅)ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင်(၁)ပေခွဲခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် (၂)ပေမှ (၄)ပေခန့်၊ သံလွင်မြစ်ရေသည် ဖားဆောင်းမြို့နှင့် ဘားအံမြို့ တို့တွင်(၃)ပေမှ (၅)ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင်(၂)ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ပေခွဲခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့နှင့် ကျောက်တော်မြို့တို့တွင်(၂)ပေမှ (၄)ပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် (၁)ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၂)ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပြီး ငဝန်မြစ်ရေသည် ငါးသိုင်းချောင်း မြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင်(၁)ပေမှ(၃)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သည်။

Crd>>>မိုး/ဇလ