နိုဝင်ဘာလ ပထမ ၁၅ ရက်အတွင်း သီရိလင်္ကာနိုင်ငံသို့ နိုင်ငံခြားခရီးသွား ၇၄၆၆၄ ဦး ဝင်ရောက်

ကိုလံဘို   နိုဝင်ဘာ   ၁၉

နိုဝင်ဘာလ  ပထမ   ၁၅   ရက်အတွင်း  သီရိလင်္ကာနိုင်ငံသို့ နိုင်ငံခြားခရီးသွား   ၇၄၆၆၄   ဦး ဝင်ရောက် မှုရှိခဲ့ကြောင်း   သီရိလင်္ကာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး  အာဏာပိုင်အဖွဲ့ (အက်စ်အယ်လ် တီဒီအေ) က ထုတ်ပြန်သော နောက်ဆုံးအချက်အလက်များအရ သိရသည်။

သီရိလင်္ကာနိုင်ငံသို့ ထိုကဲ့သို့ နိုင်ငံခြား     ခရီးသွားဝင်ရောက်မှုအရေအတွက်သည်     ယခုနှစ်၌ လတစ်လ၏ ပထမဆုံးရက်သတ္တ နှစ်ပတ်အတွင်း အမြင့်ဆုံးဝင်ရောက်မှုပမာဏဖြစ်ကြောင်း  အက်စ်အယ်လ်တီဒီအေ ထုတ်ပြန်ချက်အရ သိရသည်။

ယခင်  ပထမဆုံး  ၁၅   ရက် အတွင်း သီရိလင်္ကာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှု ပမာဏ   အများဆုံးမှာ ၆၀၈၈၂ ဦးဖြစ်ပြီး    ယခုနှစ် မတ်လတွင်    မှတ်တမ်းတင်ထားသည်။   ထို့ပြင်  နိုဝင်ဘာလတွင်  ခရီးသွားဝင်ရောက်မှု     ၂၀၄၁၁၄   ဦးဖြင့်  အမြင့်မားဆုံး ဝင်ရောက်မှု  ရှိလိမ့်မည်ဟုလည်း  အက်စ်အယ်လ်တီဒီက    ခန့်မှန်းထားသည်။

ဇန်နဝါရီ  ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ သီရိလင်္ကာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုစုစုပေါင်းမှာ ၁၂၀၀၁၁၉  ဦးရှိပြီး  အမေရိကန် ဒေါ်လာ  ၁  ဒသမ  ၅၉  ဘီလီယံ ရှာဖွေနိုင်ခဲ့ကြောင်း   တရားဝင် အချက်အလက်များတွင်  ဖော်ပြထားသည်။    သီရိလင်္ကာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍသည် ယခုနှစ်တွင်  ခရီးသွားနှစ်သန်း ဝင်ရောက်မှုရှိရန် ရည်ရွယ်ထားကြောင်း သိရသည်။                                                                                                        

ဆင်ဟွာ