နိုဝင်ဘာလအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Pfizer အမေရိကန် အတည်ပြုမည်

၄ စက်တင်ဘာ

 

 

အမေရိကန်ပြည်ထောင်စုရှိ ကျော်ကြားသည့် ဆေးဝါးကုမ္ပဏီကြီးဖြစ်သည့် Pfizer သည် လာမည့်လတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အတည်ပြုချက် ရယူရန် စီစဉ်နေကြောင်း အဆိုပါ ကုမ္ပဏီမှ ပြောကြားခဲ့သည်။

 

 

သို့သော်လည်း ကာကွယ်ဆေးသည် ထိရောက်မှုရှိကြောင်း အဆိုပါ ကုမ္ပဏီမှ ဆုံးဖြတ်ပြီးမှသာလျှင် ဖြစ်နိုင်မည်ဖြစ်သည်။

 

 

Pfizer သည် ဂျာမနီနှင့်အတူ အဆိုပါ ကာကွယ်ဆေးကို ဖက်စပ် တီထွင်ထားခြင်း ဖြစ်သည်။

 

 

ယခုအခါတွင် အဆိုပါ ကာကွယ်ဆေးကို အမေရိကန်ပြည်ထောင်စု၊ ဘရာဇီးနှင့် အခြားနေရာများတွင် နောက်ဆုံးအဆင့် စမ်းသပ်နေပြီဖြစ်သည်။

 

 

ကာကွယ်ဆေး အနေဖြင့် ရလဒ်များမှာ အပြုသဘောဆောင်နေကြောင်း၊ ကုမ္ပဏီအနေဖြင့် FDA နှင့် ကမ္ဘာအနှံ့မှ ချမှတ်ထားသည့် ကာကွယ်ဆေး စည်းမျဉ်းများကိုလည်း ခွင့်ပြုချက် ယူရအုံးမည်ဖြစ်ကြောင်း Pfizer ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ အဲလ်ဘတ် ဘိုလာက ပြောကြားခဲ့သည်။

 

 

နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ မတိုင်မီ ကာကွယ်ဆေးကို အမြန်ဆုံး ထုတ်လုပ်ရန်အတွက် ကုမ္ပဏီ အနေဖြင့် နိုင်ငံရေး ဖိအားများအောက်တွင် ရှိနေသည်ဆိုသည့် အချက်ကိုမူ ၎င်းက ပယ်ချခဲ့သည်။

 

 

Pfizer ကာကွယ်ဆေး အနေဖြင့် ၎င်းတို့၏ ကာကွယ်ဆေးအား ယုံကြည်စိတ်ချရသည်ဟု ခွင့်ပြုမိန့် မကျမချင်း သို့မဟုတ် အတည်မပြုမချင်း ကာကွယ်ဆေး ထုတ်လုပ်ခြင်းကို ကုမ္ပဏီ အနေဖြင့် ဘယ်သောအခါမှ ပြုလုပ်မည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

လာမည့် လအတွင်း ကာကွယ်ဆေးမည်မျှ ထောက်ပံ့နိုင်မည်ကို ပြောနိုင်ရန် ခက်ခဲကြောင်း သို့သော်လည်း စိတ်ပူရန် မလိုကြောင်း  အမျိုးသား ကျန်းမာရေး တက္ကသိုလ်မှ ဒေါက်တာ အန်တိုနီ ဖာယူချီ က အမေရိကန် မီဒီယာများသို့ ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်