နမ့်ဆန်မြို့နယ်တွင် ကြက်ခြေနီက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး

နမ့်ဆန် မေ ၄

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ စေတနာ လုပ်အားရှင်များက မေ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် နမ့်ဆန်မြို့နယ် မင်္ဂလာရပ်ကွက်၊ လမ်း(၃)ခွ လမ်းဆုံနေရာနှင့် မြို့နယ်ပြည်သူ့ဆေးရုံလမ်းတွင် ဖြတ်သန်းသွားလာကြသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းကို ပြုလုပ်ခဲ့ကြသည်။

 

ထိုသို့ ပြုလုပ်ရာတွင် ရောဂါကူးစက်မှုမဖြစ်ပွားစေရန် လိုက်နာနေထိုင်ရမည့် နည်းလမ်းများ၊ လမ်းညွှန်ချက်များ ပါဝင်သည့်လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးခင်မောင်ထံမှ သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)