နမ့်ဆန်မြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

နမ့်ဆန် ဒီဇင်ဘာ ၂၂ 

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်ဇယန်းကြီးကျေးရွာ ဇယန်းကြီးဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေကြသော ဟူးမန်းကျေးရွာအုပ်စု ကုန်းသာကျေးရွာမှ နေရပ်စွန့်ခွာမီဘေးသင့် အိမ်ထောင်စု (၈)စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပြည်နယ်ကြက်ခြေနီ ကြီးကြပ်ရေးကော်မတီမှထောက်ပံ့သော မိသားစုသုံးပစ္စည်း(၁၅)မျိုးပါ (Family kit) ၈ပုံး၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်း (၁၈)မျိုးပါ (Hygiene kit) ၈ပုံး၊ ရေသန့်ထည့်ရန်ပုံး (၈)ပုံး ၊ မီးဖိုဆောင်သုံး ပစ္စည်း ၈ မျိုးပါ ဂျပ်ဖာ ၈ ပုံး၊ အမျိုးသမီး တစ်ကိုယ်ရေသုံးပစ္စည်း (၁၀)မျိုးပါ (Dignity kit) အိတ် (၅၀) နှင့် အိမ်ထောင်စု(၃၉)စု အတွက် စောင်(၃၉)ထည်တို့ အား နမ့်ဆန်မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ဦးခင်မောင်နှင့် တပ်ဖွဲ့ဝင်များက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

 

နမ့်ဆန် (ပြန်/ဆက်)