နမ့်ခမ်းနှင့် နန်းယွန်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများအားဖျက်ဆီး

နေပြည်တော် ၁၄  မတ် 
    

နမ့်ခမ်းမြို့နယ်၊ တာကွန့်ကျေးရွာမြောက်ဘက် ၄ မိုင်ခန့် အကွာ၌ အမြင့် ၁ ပေခန့်ရှိ ဘိန်းစိုက်ခင်း ၃ ဧကခန့်အား မတ် ၁၃ ရက်တွင် ပန်ဆေးနယ်မြေရဲစခန်းမှ ဒုတိယရဲအုပ် ဇော်မျိုးမင်း  ဦးစီးပူးပေါင်းအဖွဲ့မှ ယမန်နေ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
    

အလားတူ ခန္တီးခရိုင်၊ နန်းယွန်းမြို့နယ်၊ တကားကျေးရွာ၌ ဘိန်းစိုက်ခင်း စုစု ပေါင်း(၂၂)ဧက ခန့်အား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်း လင်းခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။

MDN