နမ္မတီး-တနိုင်းလီဒိုလမ်းတွင် ဆိုင်ကယ်ဘီးပေါက်သဖြင့် ရပ်ထားသည့် ၁၀ ဘီးကားအား ဝင်တိုက်မိ တစ်ဦးသေဆုံး

မိုးကောင်း ၂၉  သြဂုတ်  


ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီး-တနိုင်းလီဒိုလမ်း ဆီးဒီးယံအနီးတွင် သြဂုတ် ၂၈ ရက်ညပိုင်းက ဆိုင်ကယ်ဘီးပေါက်၍ လက်ယာကပ်လျှက် ရပ်ထားသည့် ၁၀ ဘီးကားအား တိုက်မိသဖြင့် စီးနင်းသူသေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ နမ္မတီး-တနိုင်းလီဒိုလမ်းဘေး၌ နောက်ဝဲဘီးပေါက်၍ လက်ယာကပ်လျက်ရပ်ထားသော ယာဉ်အမှတ် ၃ခ/----- Nissan Diesel အဖြူ/အပြာ/အစိမ်း ၁၀ ဘီးကားအား အရှေ့မှအနောက်သို့ လူ ၂ ဦးစီးနင်းလာသည့် ၃၆ယ/--------- Kenbo-125 ဆိုင်ကယ်တစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။


ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ရှေ့မှမောင်းနှင်သော အသက် ၂၂ အရွယ် အမျိုးသားသည် နဖူးဝဲပေါက်ပြဲ၊ ဝဲယာနားသွေးထွက်၊ နှာခေါင်းသွေးထွက် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ၌ သေဆုံးပြီး လိုက်ပါစီးနင်းသူ နဖူးငယ်ထိပ်ပေါက်ပြဲ၊ ဝဲပါးပေါက်ပြဲ၊ ဝဲနားသွေးထွက်၊ ယာမျက်ခုံး ဖူးယောင်ဒဏ်ရာများဖြင့် အတွင်းလူနာအဖြစ် နမ္မတီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။


ယင်းဖြစ်စဉ်အား နမ္မတီးနယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ 


သန်းလွင်ဦး (ပြန်/ဆက်)