နမ္မတူမြို့နယ် မန်လီကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်

နမ္မတူ ဇွန် ၁၃

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊‌ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်‌ ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် နမ္မတူမြို့နယ်‌ မန်လီကျေးရွာအား Cash For Work စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဇွန် ၁၂ ရက်က မန်လီကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀ အား ကျေးရွာလူထုကို လုပ်အားခပေးချေခြင်းအတွက် ၅၀ ရာခိုင်နှုန်း၊ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် လိုအပ်သော ပစ္စည်းဝယ်ယူခြင်းအတွက် ၅၀ ရာခိုင်နှုန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း၊ ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားသည့်အပြင် ကျေးရွာရှိ အ‌ခြေခံအဆောက်အအုံများပါ တိုးတက်ကောင်းမွန်လာမည့် စီမံကိန်းဖြစ်ကြောင်း နမ္မတူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။        

 

ဖြိုးကျော်(ပုံတောင်မြေ)