နမ္မတူမြို့နယ်၊ နမ္မတူချောင်း၌ အမျိုးသမီးငယ်နှစ်ဦး ရေနစ်သေဆုံး

နမ္မတူ ဇွန် ၁

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မေ ၃၁ ရက်က သ.တ.လရပ်ကွက်(၅)ရှိ နမ္မတူချောင်း၌ အမျိုးသမီးငယ်နှစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မေ ၃၁ ရက် မွန်းလွဲပိုင်းတွင် သ.တ.လရပ်ကွက်(၅)ရှိ နမ္မတူချောင်းအတွင်း၌ သ.တ.လရပ်ကွက်(၇)မှ ကလေးငယ် သုံးဦး ရေဆင်းချိုးရာမှ ရေနစ်နေကြောင်း သိရသဖြင့် ရပ်ကွက်နေပြည်သူများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ အသက်(၁၄)နှစ် ယောကျ်ားလေးတစ်ဦးအား အသက်ရှင်လျက် ဆယ်ယူရရှိပြီး အသက်(၁၄)နှစ်နှင့် အသက်(၁၆)နှစ် မိန်းကလေး နှစ်ဦးအား သေဆုံးလျက် ဆယ်ယူရရှိခဲ့သည်။

 

သို့ဖြစ်ပါ၍ သေဆုံးသူ မိန်းမကလေး နှစ်ဦး၏ ရုပ်အလောင်းအား နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံကြီး (Mortuary)သို့ ပို့ဆောင်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ နမ္မတူမြို့နယ် မြို့မရဲစခန်း၏ သေမှုသေခင်း အမှတ်စဉ်စဉ် (၂/၂၀၂၃)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

 

လူမော် (ပြန်/ဆက်)