နမ္မတူမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြို အခြေခံပညာအထက်တန်းအဆင့် ကဗျာ၊ ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

နမ္မတူ ဒီဇင်ဘာ ၂၂

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၄)ရက်တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အခြေခံပညာ အထက်တန်းအဆင့် ကဗျာ၊ ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲကို အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ဒီဇင်ဘာ (၂၂)ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

 

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အခြေခံပညာအထက်တန်းအဆင့် ကဗျာ၊ ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ကျောင်းသားကျောင်းသူများ ဖြေဆိုနေမှုအခြေအနေအား ကြည့်ရှုကာ အားပေးစကား ပြောကြားခဲ့သည်။ 

 

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အခြေခံပညာအထက်တန်းအဆင့် ကဗျာ၊ ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲကို ဖြေဆိုချိန် (၁)နာရီဖြင့် ကျင်းပခြင်းဖြစ်ပြီး မြို့နယ် အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ (Grade-10)နှင့် (Grade-11) ကျောင်းသား ကျောင်းသူများပါဝင်ယှဉ်ပြိုင်ကာ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ (၁၅)ဦး၊ ဆောင်းပါးပြိုင်ပွဲတွင် အထက်တန်းအဆင့်ကျောင်းသားကျောင်းသူ (၁၃)ဦး၊ စာစီစာကုံး ပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ (၁၆)ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ (၄၄)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ထူးချွန်ဆုရကျောင်းသားကျောင်းသူများအား (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနားတွင် ထူးချွန်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံမှ သိရသည်။

 

လူမော် (ပြန်/ဆက်)