ကားလို့စ်ကိုင်ရော့ဇ်သည် ဂါနာအသင်း  ကမ္ဘာ့ဖလားပြိုင်ပွဲ  ၃၂ သင်းအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် နည်းပြအဖြစ်မှ နုတ်ထွက်သွားပြီဖြစ်သည်။ ၇၃ နှစ်အရွယ်  နည်းပြကိုင်ရော့ဇ်သည်  ဧပြီလတွင် ဂါနာအသင်းနည်းပြအဖြစ် တာဝန်ယူခဲ့ပြီး အကောင်းဆုံး အုပ်စုတတိယဖြင့် နောက်တစ်ဆင့် တက်လှမ်းနိုင်အောင် ကူညီပေးထားနိုင်ခဲ့သည်။ သို့သော်လည်း ဂါနာအသင်းသည် ၃၂  သင်းအဆင့်တွင် ကိုလံဘီယာအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။

မိုးဇက်