နည်းပညာ ထိပ်တန်း ကုမ္ပဏီ စာရင်းတွင် Microsoft ထိပ်ဆုံးမှာ ရပ်တည်

၁၇ ဇန်နဝါရီ 

 

ယနေ့ ရိုက်တာက ထုတ်ပြန်လိုက်တဲ့ ထိပ်တန်းနည်းပညာရှင်များ စာရင်းမှာ Microsoft ကော်ပိုရေးရှင်းဟာ နံပါတ်တစ်နေရာမှာ ရပ်တည်နေကြောင်း သိရပါ တယ်။ အခြား နည်းပညာ ကုမ္ပဏီများဖြစ်တဲ့ Intel နဲ့  Cisco တို့ဟာ Microsoft နောက်မှာ အသီးသီးရပ်တည်နေပါတယ်။ ၎င်းနောက်မှာတော့ Apple နဲ့  Google တို့ အစဉ်လိုက်ရပ်တည်နေပြီး Top Ten စာရင်းပါဝင်ကြောင်း သိရပါတယ်။ အဆိုပါ စာရင်းဟာ စီးပွားရေးအရ အောင်မြင်မှုရှိတဲ့ ထိပ်တန်း စက်မှုလုပ်ငန်းများနဲ့ အဖွဲ့အစည်းများကို ခွဲခြားသတ်မှတ်နိုင်ဖို့ ထုတ်ပြန်လိုက်တာဖြစ်ကြောင်း သိရပါ တယ်။ 

 

ထိပ်ဆုံးဆယ်နေရာအောက်မှာတော့ မိုက်ခရိုချိပ်(စ်)ကုမ္ပဏီ Taiwan Semico nductor Manufacturing၊ ဂျာမန် နည်းပညာ ကုမ္ပဏီ German Business Software giant SAP (SAPG.DE) နဲ့ Dublin-based consultant Accenture (ACN.N) တို့ ရပ်တည်နေတာကို တွေ့ရပါတယ်။ 

 

အံ့သြစရာကောင်းတာက နည်းပညာကုမ္ပဏီကြီးများဖြစ်တဲ့ Amazon.com နဲ့  Facebook Inc တို့ဟာ အဆင့်တစ်ဆယ်အတွင်းမှာ ပါဝင်ခြင်းမရှိတာကို တွေ့ရ ပါတယ်။

 

ယခုလို အဆင့်ခွဲခြားသတ်မှတ်ရာမှာ နည်းပညာဆိုင်ရာ အချက်အလက် ၂၈ ချက်အပြင် စီးပွားရေးနှင့်စီမံခန့်ခွဲမှု၊ ရင်းနှီးမြှုပ်နှံသူများ၏ထည့်ဝင်မှု၊ စွန့်လွှတ်စွန့် စားနိုင်မှု၊ ဥပဒေလိုက်နာမှု၊ တီထွင်ဆန်းသစ်မှု၊ တာဝန်ယူနိုင်မှု၊ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုနှင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်မှုတို့အပေါ်မှာ မူတည်ပြီးခွဲခြား သတ်မှတ်ခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းတစ်ရပ်အရ သိရပါတယ်။

 

MDN