နည်းပညာတက္ကသိုလ်(မြိတ်)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

မြိတ် မေ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကဘင်းကျေးရွာရှိ နည်းပညာတက္ကသိုလ်(မြိတ်)၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို မေ ၁၂ ရက် နံနက်ပိုင်းက တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲ၌ နည်းပညာတက္ကသိုလ်(မြိတ်) ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်စိုးလွင်က အဖွင့်အမှာစကားပြောကြားသည်။ နည်းပညာတက္ကသိုလ်(မြိတ်)တွင် ကျောင်းသား ကျောင်းသူ ၈၆၇ ဦးရှိကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)