နည်းပညာတက္ကသိုလ်(ထားဝယ်) ပြန်လည်ဖွင့်လှစ်

ထားဝယ် မေ ၁၂

နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(ထားဝယ်)ကို မေ ၁၂ ရက် နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ မောင်မယ်သစ်လွင် ကျောင်းသား ကျောင်းသူများအား နည်းပညာတက္ကသိုလ်(ထားဝယ်) ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်အောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ နည်းပညာတက္ကသိုလ် (ထားဝယ်)တွင် လက်ရှိကျောင်းသားဦးရေ ၈၉၄ ဦးရှိကြောင်း သိရသည်။

 တိုင်းဒေသကြီး(ပြန်/ဆက်)