ညောင်ရွှေမှာ WFP က ထောက်ပံ့တဲ့ ဆန်အိတ် ကိုးရာကို စစ်ကောင်စီတပ် သိမ်းယူကြောင်း လုပ်ကြံ ရေးသားဝါဒဖြန့်ဝေလျှက်ရှိ

 

နေပြည်တော်၊ ၁၅ မေ

လွတ်လပ်တဲ့ အာရှအသံ (RFA) ၏ ဝဘ်ဆိုဒ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားရွာ၌ ခိုလှုံနေကြသည့် စစ်ဘေးဒုက္ခသည်များအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ပို့ဆောင်ပေးသော ဆန်အိတ် ကိုးရာကို စစ်ကောင်စီတပ်က မေလ ၅ ရက်နေ့မှာ သိမ်းယူထားပြီး မေလ ၁၅ ရက် အထိ ပြန်လည်ထုတ်ပေးခြင်း မရှိသေးဟု ဒေသခံများမှ ပြောကြားကြောင်း မဟုတ်မမှန် လုပ်ကြံ ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားရွာ၌ ခိုလှုံနေကြသည့် စစ်ဘေးဒုက္ခသည်များအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ပို့ဆောင်ပေးသော ဆန်အိတ် ကိုးရာကို သိမ်းဆည်းသည့် သတင်းမှာ တရားမဝင် ပြည်ဖျက်မီဒီယာများမှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်