ညောင်ရွှေမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ ဆက်လက်ဖြေဆို

ညောင်ရွှေ        ဧပြီ      ၁

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ဧပြီ ၁ ရက် နံနက် ၉ နာရီတွင် ညောင်ရွှေမြို့နယ်ရှိ စာစစ်ဌာန ၁၁ ခုမှ ကျောင်းသား၊ ကျောင်းသူ ၁၆၁၈ ဦး ဝင်ရောက်ဖြေဆိုလျက် ရှိသည်။

 

ညောင်ရွှေမြို့နယ်ရှိ စာစစ်ဌာနများဖြစ်သည့် အထက(၁)၊ အထက(၂)၊ အထက-သပြေကုန်း၊ အထက-ခေါင်တိုင်၊ အထက-စံကား၊ အထက-ဘုရားတောင်ရေဆိပ်၊ အထက-အင်းပေါခုံ၊ အထက-မင်းချောင်း၊ အထက-မိုင်းသောက်၊ အထက-ဟဲယာရွာမနှင့် အထက-အင်းယား စာစစ်ဌာနများတွင်  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၀ ဒသမ ၅၄ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

 

နေမျိုးသူရိန်