ညောင်တုန်းမြို့နယ်ရှိ အထက်တန်းကျောင်းများတွင် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

ညောင်တုန်း   အောက်တိုဘာ    ၂၆

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ အခြေခံပညာ အထက်တန်း ကျောင်းများတွင် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကိုအောက်တိုဘာ ၂၅ ရက် မွန်းလွဲပိုင်းက  ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် အမှတ် () အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်() အခြေခံပညာ အထက်တန်းကျောင်းနှင့် မြို့မအခြေခံပညာ အထက်တန်းကျောင်းခွဲတို့ရှိ  ကွန်ပျူတာခန်းများ၊ သိပ္ပံခန်းများနှင့် ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပြင်ဆင်ထားရှိရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

 

mdn