ညောင်တုန်းမြို့နယ်ရှိ စိုက်ပျိုးမွေးမြူရေးလုပ်များ တိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ညောင်တုန်း အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အရွှဲကျေးရွာရှိ ရွှေဝါနဒီ ဆန်စပါးကြိတ်ခွဲရေး စက်ရုံသို့ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ ပိုင်ရှင် ဦးလူမော်မြင့်မောင်က လုပ်ငန်းလည်ပတ်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စက်ရုံဝင်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ပဲရုံဆိပ်ကျေးရွာရှိ Top Dairy Farm နွားမွေးမြူရေးခြံသို့ ရောက်ရှိပြီး တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်မိုးမိုးခိုင်နှင့် နွားမွေးမြူရေးခြံပိုင်ရှင် ဦးမြတ်သိန်းထွန်းတို့က နို့စားနွား မွေးမြူပုံအဆင့်ဆင့်၊ နို့ထွက်ပစ္စည်း ထုတ်လုပ်မှုအခြေအနေနှင့် ဈေးကွက်သို့ တင်ပို့ရောင်းချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး နွားမွေးမြူရေးခြံကို ကြည့်ရှုစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)