ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်ခဲ့သည့် နေအိမ်များအတွက် ရန်ပုံငွေများထောက်ပံ့

ညောင်တုန်း ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဇူလိုင်လ ၁၃ရက်နှင့် ၁၅ရက်က ဖြစ်ပွားခဲ့သည့် မြစ်ကမ်းပါပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်ခဲ့သည့် နေအိမ်များအတွက် ယမန်နေ့ နံနက် ၁၁နာရီက ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကမ်းပြိုဘေးသင့်ခဲ့သည့် ဂန်ချောင်းကျေးရွာအုပ်စု၊ ဂန်ချောင်းကျေးရွာရှိ နေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ ကျပ် ၅၀၀၀၀၀ နှင့် လူဦးရေ ၁၆ဦးအတွက် ဆန်ရိက္ခာ ၇ ရက်စာ ငွေကျပ် ၃၃၆၀၀၊  စုစုပေါင်း ရန်ပုံငွေ ကျပ် ၅၃၃၆၀၀ အားလည်းကောင်း၊ ဇူလိုင်လ ၁၆ရက်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းပါးပိ၍ သေဆုံးသူ ၁ဦးအတွက် ထောက်ပံ့ငွေကျပ် ၃၀၀၀၀၀ကိုလည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦး‌ ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ဆည်မြောင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ ကွင်းဆင်း ကြည့်ရှု၍  နှစ်သိမ့်အားပေး ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)