ညောင်ဦးမြို့နယ် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး လိုက်လံစစ်ဆေး

ညောင်ဦး    ၃၀  မေ     

 

မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်းရုံး ၊ ညောင်ဦးမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မြို ့ နယ်လျှပ်စစ်မန်နေဂျာ  ဦးကျော်သူဦးဆောင်သော ဒုတိယမြို့နယ်လျှပ်စစ်မန်နေဂျာ  ဦးဝင်းထိန်နှင့်  ဝန်ထမ်းများအဖွဲ့သည် ယနေ့ နံနက် ၈ နာရီက ညောင်ဦးမြို့ သီရိမင်္ဂလာရပ်ကွက်သို့ သွားရောက်ပြီး ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးအတွက်  အိမ်သုံးမီတာနှင့် လုပ်ငန်းသုံးမီတာများအား တစ်အိမ်တက်ဆင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း   သိရသည်။

 

mdn

 

ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်လျှပ်စစ်မန်နေဂျာ  ဦးကျော်သူ ဦးဆောင်သော ဒုတိယမြို့နယ် လျှပ်စစ်မန်နေဂျာ  ဦးဝင်းထိန်နှင့်  ဝန်ထမ်းများအဖွဲ့သည် အဖွဲ့ ( ၄ ) ခွဲ၍ တစ်အိမ်တက်ဆင်း သွားရောက်ပြီး ရပ်ကွက်နေပြည်သူများအား  လျှပ်စစ်မီးသုံးစွဲရာတွင်  အန္တရာယ်မဖြစ်စေရေး စနစ်တကျ  ကိုင်တွယ်အသုံးပြုနည်းများနှင့် လျှပ်စစ်မီးသုံးစွဲပြီးပါက  မီးခလုတ်များအား သတိရှိစွာ ပိတ်ထားရန်အချက်များ ၊  လျှပ်စစ်အန္တရာယ်နှင့် ပတ် သက်သည့် ဆောင်ရန်၊  ရှောင်ရန်အချက်များကို  ပညာပေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ 

 

ထို့နောက် နေအိမ်များတွင်  တရားမဝင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုမရှိရေး ၊  လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းမှုများ စနစ်တကျ  ဖြစ်စေရေးနှင့်  လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။  
 

ရဲဝင်းနိုင် (ညောင်ဦး)