ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် တတိယနေ့ဆက်လက်ထိုးနှံ

ညောင်ဦး  စက်တင်ဘာ 

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အနော်ရထာခန်းမတွင် ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် တတိယနေ့တွင် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား လူမျိုးဘာသာမရွေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဌ ဦးနန်းတင့်ထံက သိရသည်။

 

ယနေ့ စက်တင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ညောင်ဦးမြို့ပေါ် ()ရပ်ကွက်နှင့် ပုဂံမြို့ ၆ ရပ်ကွက်ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ဆေးထိုးနှံမှု စနစ်တကျရှိစေရန်အတွက် ညောင်ဦးခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီက ညောင်ဦးမြို့နယ်တွင် အဖွဲ့()ဖွဲ့ခွဲကာ ရပ်ကွက်နှင့် ကျေးရွာများအလိုက် ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများကလည်း ဆေးထိုးနှံမှုအား ကြည့်ရှုအားပေးခဲ့သည်။

 

ယခုထိုးနှံလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ပထမအကြိမ် ထိုးနှံသူများအား ယခု ဒုတိယအကြိမ် ထိုးပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုထိန်၊KPD