အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၇၅၈ ဦး ထပ်မံတွေ့ရှိ

ဇွန် ၂၈

 

အီရန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၇၅၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကိုဗစ်ရောဂါ ကူးစက်ခံရသူပေါင်း ၃၁၆၇၇၄၁ ဦး အထိရှိလာကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ဖော်ပြခဲ့သည်။

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ၁၃၄ ဦး ထပ်မံသေဆုံးခဲ့သောကြောင့် သေဆုံးသူ ၈၃၈၄၅ ဦး ရှိသည်ဟု အီရန် ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာပညာရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသူစုစုပေါင်း ၂၈၃၅၆၃၃ ဦးရှိသည်။

 

အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူဦးရေ ၃၁၉၀ ရှိသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၁၂၈၈၇၇၇ ဦးရှိပြီး ယမန်နေ့ကအထိ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူ ၄၄၂၀၂၄၃ ဦး ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို