By AUGUSTIN

 

IN THIS article, I explore two Myanmar sayings that champion the Mid­dle Way by showing how moderation turns habits into medicine and how selfless admiration, when balanced with equanimity, fosters true freedom and harmony within ourselves and our relationships.

 

I wrote this article for foreign readers who are studying the Myan­mar language, so I have presented it in a bilingual format using both My­anmar and English.

 

တန်ဆေး လွန်ဘေး

မြန်မာလူမျိုးတို့ ကြားဖူးနားဝရှိကြတဲ့ "တန်ဆေး လွန်ဘေး" ဆိုတဲ့ စကားပုံဟာ ရိုး ရှင်းပေမဲ့ အင်မတန် အဓိပ္ပာယ် နက်နဲပါတယ်။ ဘယ်အရာမဆို အတိုင်းအတာတစ်ခုအတွင်း မှာ မျှတစွာ လု ပ် ဆောင် ရင ်ဆေးသောက် သလ ို အကျိုးရှိ စေပေမဲ့ ၊လို တာထက်ပို သွားရင် တော ့ ဘေးဥပဒ် ဖြစ်လာတတ်တယ်လို့ သတိပေး နေတာပါ။ ဒါကြောင့် ဘဝမှာ ဘယ်ဘက်ကို မှ အစွန်းမရောက်စေဘဲ အလယ်အလတ် လမ်းစဉ ် (မဇ္ဈိ မပဋိ ပဒါ) အတို င်း နေထို င် တတ် ဖို့ကအရေးကြီးတဲ့ ဆင်ခြင်တုံတရားပဲ ဖြစ် ပါတယ်။

 

"တန်ဆေး" ဖြစ်ဖို့ အတိုင်းအရှည် သိပါ "တန် ဆေး" ဆို တဲ့အပို င်းမှာ စားသောက် မှု ပုံ စံ ကအကောင်းဆုံး သာဓကပါပဲ။ ရှေးလူကြီး တွေပြောဖူးတဲ့ ပုံပြင်လေးတစ်ပုဒ် ရှိပါတယ်။ တစ်ခါကလူတစ်ယောက်ဟာ အားဆေးကို တစ်နေ့တစ်လုံး သောက်ရမယ့်အစား "မြန် မြန်အားရှိချင်ဇော" နဲ့ တစ်ခါတည်း အများ ကြီး သောက်မိလိုက်ပါတယ်။ ရလဒ်ကတော့ အားရှိလာဖို့ နေနေသာသာ ဆေးရှိန်လွန်ပြီး အိပ်ရာထဲ လဲသွားရရှာပါတယ်။ အားဆေး တွေကကိုယ်ခန္ဓာအတွက် အကျိုးရှိပေမယ့် အလွန်အကျွ ံ သောက်မိရင်တော့ အသည်းနဲ့ ကျောက်ကပ် ထိခိုက်တာ၊ ဗိုက်အောင့်တာနဲ့ ဗီတာမင်အဆိပ်သင့်တာမျိုးတွေဖြစ်တတ် တယ်။

 

လက်ရှိမှာ AI Chatbots တွေကို ကျန်းမာရေးအကြံဉာဏ် တောင်းတဲ့အခါ မှားယွင်းတဲ့ ပမာဏ (Dosage) တွေညွှန်ကြား မိလို့ လူနာတွေဘေးဖြစ်ရတဲ့ သတိပေးချက် တွေ(ECRI Health Technology Threats 2026) ထွက်ပေါ်နေပါတယ်။ "အတိုင်းအရှည်" ကိုသိ မြင် ဖို့လို အပ် ပုံ ဟာ အခု ခေတ် သစ် မှာ ပို ပြီးတောင် အရေးကြီးလာပါတယ်။

 

နေ့စဉ်စားသောက်မှုမှာလည်း ဒီလိုပါပဲ။ ပျားရည်ဟာ ဆေးဖက်ဝင်တယ်ဆိုပေမဲ့ တန် ရုံ စားရင ်အကျိုးပြုပြီး၊ အလွ န် အကျွ ံစားမိ ရင် တော့ ဝမ်းဗိုက်မကောင်း ဖြစ်တတ်ပါတယ်။

 

အခုခေတ် ဖုန်းနဲ့ အင်တာနက် အသုံးပြု မှုကို ကြည့်ရင်လည်း အကျိုးရှိအောင် သုံး နိုင်ရင် "ဆေး" ဖြစ်ပေမဲ့၊ လိုတာထက်ပိုပြီး အလွန်အကျွ ံ သုံးစွဲမိရင်တော့ အချိ န်ဖြုန်း တီး ရာ ရော က် သလို ကျ န်း မာ ရေး နဲ့ လူမှုဆက်ဆံရေးကိုပါ ထိခိုက်စေပါတယ်။

 

၂၀၂၆ ခုနှစ်ရဲ့ World Happiness Re­port မှာ ဆိုရှယ်မီဒီယာ အလွန်အကျွံ သုံးစွဲ ခြင်းဟာ လူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ထိခိုက်စေနေကြောင်း သတိပေးထားပါတယ်။ တစ်နေ့ ကို ဆိုရှယ်မီဒီယာ ၃ နာရီထက်ပိုသုံးရင် စိတ် ကျန်းမာရေးပြဿနာဖြစ်နိုင်ခြေ၂ ဆမြင့် တက်လာတယ်လို့ ဆရာဝန်တွေကထောက် ပြကြပါတယ်။

 

ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလုပ် ကိုပဲ ဖိလုပ်ပြီး မိသားစုနဲ့ ကျန်းမာရေးကို လျစ်လျူရှုမိရင် ကျန်းမာရေး ပျက်ပြားသွား တာ၊ မိသားစု အဆင်မပြေဖြစ်သွားတာမျိုး တွေဟာ ရလဒ်တွေပါပဲ။

 

အခုအခါမှာ ကုမ္ပဏီအများအပြားဟာ Burnout (အလုပ်ပန်းပြီး စိတ်ကုန်ခြင်း) ကို ကာကွယ်ဖို့အတွက် "Psychological Safety" နဲ့ အလုပ်ချိ န် လျှော့ချခြင်းတွေကို မဟာဗျူဟာမြောက် လုပ်ဆောင်လာ ကြပါတယ်။ "Quiet Cracking" လို့ခေါ်တဲ့ အလုပ်ထဲမှာ စိတ်ဓာတ်ကျပြီး လူပဲရှိတော့ တဲ့ အခြေအနေကို ကာကွယ်ဖို့ "မျှတမှု" ကို အဓိကထားလာကြတာပါ။

တစ်ခါတလေမှာ စေတနာဟာလည်း "ဘေး" ဖြစ်တတ်ပါသေးတယ်။ အပင်စိုက် တဲ့အခါ မြန်မြန်ကြီးစေချင်တဲ့ စေတနာနဲ့ ရေကို တစ်နေကုန် လောင်းနေမယ်ဆိုရင် အပင် လေးဟာ လန်းဆန်းမလာဘဲ အမြစ်ပုပ်ပြီး သေသွားတတ်ပါတယ်။

 

၂၀၂၆ ခုနှစ်ဟာ ကုလသမဂ္ဂကသတ်မှတ် ထားတဲ့ International Year of Range­lands and Pastoralists ဖြစ်ပါတယ်။ မြေယာတွေကို အလွန်အကျွ ံ အသုံးမချဘဲ စနစ် တကျ ပြန် လည် ပြုစု ပျိုးထောင် ဖို့ (Land Degradation Neutrality) ကမ္ဘာတစ်ဝန်း မှာ ကြိုးပမ်းနေကြတာဟာ "တန်ရုံပဲ အသုံးချ တတ်ဖို့" ဆိုတဲ့ သင်ခန်းစာနဲ့ ဆက်စပ်နေပါ တယ်။

 

လူမှုဆက်ဆံရေးမှာလည်း တစ်ဖက်လူ ကို ကူညီချင်တဲ့ စေတနာကကောင်းပေမဲ့ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိပါးတဲ့ အထိ ဝင်ရောက်စွက်ဖက်မိရင် အဲ့ဒီစေတနာ ဟာ ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး ရန်သူလိုတောင် ဖြစ်သွားတတ်ပါတယ်။

 

"တန် ဆေး လွ န် ဘေး" ဆို တာ ကျွန် တော် တ ို့ဘဝအတွ က်လမ်းပြပေးနေတ ဲ့အိ မ် မြှောင် တစ်ခုပါပဲ။ စားသောက်တာ၊ အလုပ်လုပ်တာ ကအစ အပြောအဆို၊ အပြုအမူနဲ့ စိတ်နေစိတ်ထားတွေအထိ အရာရာမှာ "တန်ရုံပဲ" ဆိုတဲ့ အသိတရားလေး ရှိနေဖို့ လိုပါတယ်။ ဘယ်အရာမဆို အတိုင်းအရှည်ကို သိမြင် တတ်သူဟာ ဘေးအန္တရာယ်တွေကနေကင်း ဝေးပြီး သာယာတဲ့ဘဝကို တည်ဆောက် နိုင်မှာပါ။ ဒါကြောင့် မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ ဆင် ခြင် တုံ တရားလက် ကို င် ထားပြီး အေးအေး ချ မ်း ချ မ်း ရှေ့ဆက်သွား ကြ ရ အော င် လို့ တိုက်တွန်းချင်ပါတယ်။

 

"In moderation, medicine; in ex­cess, danger"

The Myanmar proverb "Tan Say, Lun Bay" — "In moderation, medicine; in excess, danger" — teaches us that balance turns good things beneficial, like the right dose of medicine, while extremes make them harmful. Living the "Middle Way" keeps life peaceful by avoiding overdoing anything.

 

The key is knowing the proper "dosage." A man once gulped a whole bottle of vitamins to build strength fast; he ended up sick in bed from an overdose. Today, 2026 health reports warn against trusting AI chatbots blindly for medical advice, as wrong dosages can prove deadly. Honey aids health in spoonfuls but upsets stom­achs in excess.

 

Smartphones boost productivity in limits, yet endless scrolling steals time — the 2026 World Happiness Re­port notes that over three hours daily on social media doubles youth mental health risks.

 

In work, nonstop focus burns out families and health. Success built on exhaustion breeds "Quiet Cracking," where people show up but fade in­side. Smart firms now enforce shorter hours and "Psychological Safety" to fight burnout and restore balance.

 

Even nature suffers extremes. Overwatering a plant from eagerness rots its roots, killing it — just as over­using land harms ecosystems. The 2026 International Year of Rangelands stresses "Land Degradation Neutral­ity," urging measured resource use.

 

Kindness, too, needs limits. Help­ing crosses into burden when it in­vades privacy, sparking resentment. "Tan Say, Lun Bay" guides eating, working, relating, and thinking. Spot the right limits, dodge life's traps, and craft true harmony.

 

The Myanmar proverb "Tan Say, Lun Bay" delivers a timeless lesson: moderation transforms good into medicine, while excess breeds dan­ger across all life areas. Embrace the Middle Way by gauging the right "dosage" in habits, work, relationships, and even kindness — honey heals in sips but harms in gulps, just as over­work invites burnout or overwatering kills plants. Spot limits early through awareness, sidestepping traps like AI dosage errors or social media over­load, to foster harmony, health, and true balance that nourishes without destroying.

 

"သဒ္ဓါလွန်တော့ တဏှာကျွံ "

ဒီစကားရဲ့ အနှစ်သာရက"တစ်ခုခုကို အလွန်အကျွ ံ သဘောကျတာ ဒါမှမဟုတ် ယုံကြည်ကိုးစားတာမျိုးကနေနောက်ဆုံးမှာ ငါပို င် မှ ဖြစ် မယ် ဆို တဲ့ စွဲ လမ်းမှု (Possessive­ness) ဖြစ်သွားတတ်တယ်" ဆိုတာပါပဲ။

 

ဥပမာ— ကိုယ်ကတစ်ယောက်ယောက် ကိုအရမ်းတော် တယ် ၊အရမ်းသဘောကောင်း တယ်ဆိုပြီး ကြည်ညိုရာကနေစတာပေါ့။ ဒါ ကို "သဒ္ဓါ" လို့ ခေါ်တယ်။ သူ့အပေါ် စေတနာ တွေထားတယ်၊ ကူညီချင်တယ်၊ ကောင်းစေချင်တယ်။ ဒါကကောင်းတဲ့အဆင့်ပါ။

 

ဒါပေမဲ့ အတိုင်းအဆမရှိတော့တဲ့အခါ ပိုင်စိုးပိုင်နင်းစိတ်တွေဝင်လာတတ်တယ်။ ဒါ ကို "တဏှာကျွံ "တယ်လို့ ဆိုလိုတာပါ။

 

လောကမှာ ချစ်တာပဲဖြစ်ဖြစ်၊ ကြည်ညို တာပဲ ဖြစ် ဖြစ ်အစွ န်းရောက် သွားရင ်ကို ယ့် စိ တ် ကပူလောင်လာရတယ်။ ကိုယ်ကကောင်း စေချင်လို့ လုပ်ပေးတာပဲဆိုတဲ့ အကြောင်းပြချက်နဲ့ တစ်ဖက်လူကို ချုပ်ကိုင်မိသလို ဖြစ် သွားတတ်လို့ပါ။

 

လူ တစ် ယောက် ကိုခင် တာ၊ ကြည် ညိုတာ ဟာ အပြစ်မဟုတ်ပေမဲ့ "ကိုယ်ချင်းစာတရား နဲ့ အသိတရား" တော့ လိုပါတယ်။

 

အဲဒီလိုမှမဟုတ်ရင် ကိုယ့်ရဲ့ သဒ္ဓါတရား ကအချစ်မှား၊ အစွဲမှားတွေဖြစ်တဲ့ တဏှာဘက် ကို ရောက်သွားနိုင်တယ်လို့ ဆိုလိုတာပါပဲ။

 

"သဒ္ဓါလွန်တော့ တဏှာကျွံ "ဆိုတဲ့ စကားလေးကအင်မတန်မှန်ကန်တဲ့ စိတ်ပညာ တစ်ခုပါပဲ။

 

အစပိုင်းမှာတော့ လူတစ်ယောက်ကို သဒ္ဓါတရား နဲ့ စကြည်ညိုကြတာပါ။ ဒီအဆင့် မှာကကိုယ်ကပေးဆပ်ချင်တယ်၊ သူ့အတွက် ကောင်းပေးချင်တယ်၊ စေတနာတွေသန့်စင် နေသေးတယ်။

 

ပြဿနာကအဲဒီကြည်ညိုစိတ်မှာ Bal­ance (မျှခြေ) မရှိတော့တဲ့အခါ စတာပါပဲ။ "ငါကသူ့အပေါ် ဒီ လောက် စေတနာထားတာ၊ သူကတော့ ငါ့ကိုပဲ ပြန်ဦးစားပေးသင့်တယ်" ဆို တဲ့အတွေးဝင် လာပြီ ဆို ရင ် ဒါ သဒ္ဓါ မဟု တ် တော့ဘူး။ "တဏှာ" ဘက်ကို ကူးသွားပြီ။

 

ဒီ လို မျိုး ပို င် စိုးပို င် နင်းစိ တ် ဝင် လာတာကို "တဏှာကျွံ တယ်" လို့ ခေါ်တာပါ။

 

တကယ်တော့ အဲဒီစေတနာတွေထဲမှာ "ကိုယ့်စိတ်တိုင်းကျ ဖြစ်စေချင်တဲ့ အတ္တ" ကဝင် နှောက် သွားတာပါ။ အဲ ဒီ အခါမှာ ကို ယ် တို င် လည်း မရောင့် ရဲ နို င် တော့ ဘဲ ပူ လောင် လာရသလို၊ တစ်ဖက်လူအတွက်လည်း နာကျင်စရာ အနှောင်အဖွဲ့ကြီး ဖြစ်သွားတော့တာပေါ့။

 

လောကမှာ "လွန်ကဲခြင်း" မှန်သမျှဟာ ဘေးဥပါဒ် ဖြစ်စေတာချည်းပါပဲ။ ဥပေက္ခာ/ မျှတတဲ့ စိ တ်ဆို တာလေး ခံ ထားဖ ို့လို ပါတယ် ။

 

"သဒ္ဓါလွန်တော့ တဏှာကျွံ "ဆိုတဲ့ သဘောတရားဟာ မြန်မာ့ယဉ်ကျေးမှုတင် မကဘဲ တစ်ကမ္ဘာလုံးကလူသားတွေရဲ့ စိတ် နေစိတ်ထားမှာလည်း ရှိနေတတ်ပါတယ်။

 

ရှေးဟောင်းဂရိပုံပြင်ထဲကပန်းပုပညာရှင် Pygmalion ရဲ့ အကြောင်းဟာ "သဒ္ဓါလွန်" တာရဲ့ ပြယုဂ်ပါပဲ။ သူဟာ သူထုဆစ်ထားတဲ့ ဆင်စွယ်ရုပ်တုလေးကို အရမ်းတော်တယ်၊ အရမ်းလှတယ်ဆိုပြီး အားပေးကြည်ညိုရာ ကနေ(သဒ္ဓါ)၊ နောက် ဆုံးမှာ အဲ ဒီ ရု ပ် တု ကို "ငါ့ အပိုင်ပဲ ဖြစ်ရမယ်၊ သက်ရှိဖြစ်လာရမယ်" ဆို တဲ့အထိ အစွဲအလမ်းကြီးသွားခဲ့တာ (တဏှာ ကျွံ ခြင်း) ပါ။

 

အခုခေတ်မှာဆိုရင် Celebrity တွေကို အရမ်းချစ်တဲ့ ပရိသတ်တွေကြားမှာ ဒါမျိုး အတွေ့ရများပါတယ်။ အစကတော့ အနုပညာ ရှင်ရဲ့ အရည်အချင်းကို လေးစားလို့ အားပေး ကြတာပါ။ ဒါက"သဒ္ဓါ" ပေါ့ ။ဒါပေမဲ့အားပေး တာ လွန်သွားတဲ့အခါ "ငါတို့ Idol ကဘယ် သူနဲ့မှ တွဲလို့မရဘူး၊ ငါတို့ စိတ်တိုင်းကျပဲ နေရမယ် "ဆို ပြီး Control လု ပ် ချင် လာကြတယ် ။

 

ဂျ ပ န် ပုံ ပြင် ထဲ ကလ င် မယား နှ စ် ယောက်အကြောင်းမှာလည်း ဒါကို တွေ့နိုင် ပါတယ်။ ယောက်ျားဖြစ်သူကသူ့ဇနီးသည် ရဲ့ ရက်ကန်းရက်တဲ့ အစွမ်းအစကို အရမ်း အထင်ကြီး ကြည်ညိုခဲ့တာပါ။ ဒါပေမဲ့ အဲဒီ အစွ မ်းအစအပေါ်မှာ မက် မောမှုလွ န် ကဲ လာပြီး "ငါ့အတွက်ပဲ အမြဲတမ်း ရက်ပေးရမယ်" ဆိုတဲ့ အတင်းအကျပ ် ခို င်းစေမှု တွေလု ပ် လာတဲ့ အခါ (တဏှာကျွံ လာတဲ့အခါ) နောက်ဆုံးမှာ သူ့ရဲ့ ချစ် ရတ ဲ့ ဇနီးသည် ကို ပါ ဆုံးရှုံးလို က် ရပါတယ် ။

 

ဥရောပ ဒါမှ မဟု တ်အမေရိကန် မိ သားစု တွေမှာလည်း "Overparenting" ဆို တာ ရှိ ပါ တယ်။ မိဘတွေကသားသမီးကို ကောင်းစေချင် လွ န်းလ ို့ (သဒ္ဓါ) သူ တို့ ရဲ့ ဘဝလမ်းကြောင်း ကို လက်ညှိုးထိုး ညွှန်ကြားရင်းနဲ့ "ငါ့စကား ကိုပဲ နားထောင်ရမယ်၊ ငါ့အပိုင်ပဲ" ဆိုတဲ့ ပိုင် စိုးမှုတွေ(တဏှာ) ဖြစ်သွားတတ်ကြတယ်။ အဲဒီအခါမှာ ချစ်ခြင်းမေတ္တာဟာ သားသမီး အတွက် လွတ်လပ်ခွင့်မရှိတဲ့ လှောင်အိမ်ကြီး ဖြစ်သွားတတ်ပါတယ်။

 

The saying "Excessive faith leads to excessive craving" warns that too much admiration or trust in someone can twist into obsession and posses­siveness, replacing true care.

 

It starts innocently. You notice someone's kindness, talent, or charm and feel inspired. Your heart fills with "Thaddha" — pure devotion — want­ing only to support their happiness without selfish gain. This phase feels light and selfless, like a gentle breeze lifting both of you.

 

But imbalance creeps in silently. Thoughts shift: "I've given so much; they owe me their focus." Faith morphs into raw craving that demands control over their choices, friends, or time. This "Tanhar Kywan" stage turns care into ownership, breeding jealousy and demands.

 

A timeless proverb captures it: "In moderation, medicine; in excess, poison." Balanced love nurtures; ex­tremes scorch the mind, leaving rest­lessness. You justify it as "their best interest," yet you trap them, dimming your own peace too.

 

Stories echo this truth. Pygmal­ion's love for his statue grew obses­sive, craving life from stone — beauty became torment. Fans idolize stars with respect, then stalk or dictate ro­mances, poisoning fandom. In Japan's Crane Wife tale, a husband's awe at his wife's weaving turned greedy; his pressure unravelled their bond. Over­parenting cages kids in "love," stifling growth for parental pride.

 

Balance is key. Cultivate equanim­ity — a steady mind honouring others' freedom. Pure faith thrives here, free of fire. Neglect it, and kindness burns into selfish chains, harming all.

 

The key lesson from "Excessive faith leads to excessive craving" is clear: pure admiration and love thrive only with balance and equanimity. Cherish someone's qualities through selfless support, but always respect their independence — never let devo­tion twist into control or ownership. A calm, steady mind honours freedom, turning care into true nourishment; without it, even kindness ignites a selfish fire that scorches relationships and leaves everyone trapped. Practice awareness daily to keep faith healthy and light.