၂၄ ဇူလိုင်

ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ရာထူးကို ဒီကနေ့ (ဗုဒ္ဓဟူးနေ့) လက်ခံမယ့် ဘောရစ်ဂျွန်ဆင်က မနေ့က ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် ရာထူးကို လက်ခံတဲ့အခမ်းအနား မှာ ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂကနေ အောက်တိုဘာ ၃၁ ရက်နေ့မှာ ထွက်ခွာလို့  ရအောင်လုပ်ဆောင်မယ်လို့ ကတိပေးပြောကြားသွားပါတယ်။