၁၈ မတ်

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ ရှိတဲ့ 'Medium Rare' အသားကင်ဆိုင်မှ  COVID19 ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အဖိုးအဖွားတွေကို ကုသိုလ်ဖြစ် အစားအစာ ကျွေးမွေးနေပါတယ်။ အဲဒီအစားအစာတွေကို လုပ်အားပေးတွေက အဖိုးအဖွားတွေ ရဲ့အိမ်ကိုပို့ဆောင်ပေးတာဖြစ်ပါတယ်။ ဝါရှင်တန်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၂ ဦးရှိကြောင်း အဲဒီအဖိုးအဖွားတွေအတွက် အစားအစာတွေကို မတ် ၁၂ ရက်နေ့ကစတင်ပြီး ကုသိုလ်ဖြစ်ကျွေးမွေးနေတာလို့ သိရပါတယ်။

မတ်လ ၁၈ ရက်နေ့ထုတ်ပြန်တဲ့ စာရင်းအရ အမေရိကန်နိုင်ငံမှာ COVID19 ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူပေါင်း ၆၅၂၂ ဦးရှိပြီး ၁၁၆ ဦးသေဆုံးကြောင်း သိရပါတယ်။

ကိုးကား - AFP