မန္တလေး  ၃၀  မေ

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ယူချထားပေးနေတဲ့ မြရည်န္ဒာတန်ဖိုးမျှတတိုက်ခန်းများကို လာမည့်ဇွန်လ ပထမပတ်မှာ အားလုံးမဲနှိုက်နေရာချထား ပေးသွားမည်ဟု သိရသည်။

ကြိုတင်ငွေပေးသွင်းပြီးသူများနေထိုင်ရန် တိုက်ခန်းနေရာကို ဇွန်လ ၁ ရက်နေ့တွင် နိုင်ငံဝန်ထမ်း၊ ၂ ရက်နေ့မှာ အငြိမ်းစားဝန်ထမ်း၊ ၃ ရက်နေ့မှာ ပြည်သူလူထု၊ ၄ ရက်နေ့မှာ ကုမ္ပဏီဝန်ထမ်းတွေကို မြို့တော်ခန်းမမှာ မဲနှိုက်နေရာချထားပေးသွားမည်ဖြစ်သည်။

တိုက်ခန်းပေါင်း ၅၈၆ ခန်းကို နေရာချထားရန် ဝယ်ယူခွင့်ကို မဲနှိုက်ချထားခဲ့တာဖြစ်ပြီး ဝယ်ယူခွင့်ရရှိသူတွေကို စရံငွေ ကျပ်သိန်း ၂၀ ပေးသွင်းခိုင်းခဲ့ရာမှာ ငွေမပေးသွင်းသူ လေးဦးရှိကြောင်း စာရင်းများအရ သိရသည်။

ဖြိုးအိ