နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မှုခင်းလျော့နည်းကျဆင်းရေး အသိပညာပေးဟောပြော

နတ်မောက်     စက်တင်ဘာ ၁၇

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်မှုဖြင့် မှုခင်းလျော့နည်း ကျဆင်းရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၆ ရက်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

                                                           

ရှေးဦးစွာ နတ်မောက်မြို့မရဲစခန်းမှူး ဒု-ရဲမှူးကျော်ကျော်စိုးက မှုခင်းဆိုင်ရာအကြောင်းအရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အကြောင်းအရာများ၊ လူကုန်ကူး ခံရစေနိုင်သည့် အကြောင်းအရာများနှင့် လူကုန်ကူးမှုဖြစ်နိုင်တဲ့ အမျိုးအစားများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ရာ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း(ပြန်/ဆက်)