နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သီးနှံမျိုးစုံစိုက်ပျိုးရောင်းချမှုဖြင့် မိသားစုအဆင်ပြေ

နတ်မောက်  ၉  အောက်တိုဘာ 

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင်ရေသွင်းစိုက်ပျိုးမှုဖြင့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ  မိသာစုစားဝတ်နေရေး အဆင်ပြေကြောင်း သိရသည်။              

           

သီးနှံမျိုးစုံစိုက်ပျိုးရာတွင် မျိုးစေ့ကို ယခင်နှစ်ကတည်းက မျိုးပြန်ယူထားခြင်းဖြစ်ပြီး တစ်ဧက စိုက်ပျိုးရာတွင် မျိုးဖိုး၊ မြေသြဇာဖိုး၊ ပိုးသတ်ဆေးဖိုးနှင့် ထွန်ရက်ခြင်းတို့အတွက် စုစုပေါင်းကုန်ကျငွေ တစ်သိန်းခန့်ရှိကြောင်း သိရသည်။  

                                                                                                   

သီးနှံများစိုက်ပျိုးရာတွင် ဘူး၊ သခွား ၊ ရုံးပတီသီး တို့ကို စိုက်ပျိုးခြင်းဖြစ်ပြီး ထွက်ရှိလာသော အသီးအနှံများကို လက်လီလက်ကား ရောင်းချခြင်းနှင့်အတူ နတ်မောက်မြို့ မြို့မဈေးအတွင်း ဈေးဆိုင်များသို့ နေ့စဉ် တင်သွင်းလျက်ရှိရာ ပုံမှန်ဝင်ငွေရရှိသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း သိရသည်။

 

မူမူစန်း