နတ်မောက်မြို့နယ်၌ အခြေခံပညာကျောင်းများ စတင်အပ်နှံလျက်ရှိ

နတ်မောက်  မေ  ၂၃

 

နတ်မောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်၍ လက်ခံပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများနှင့် မိဘများက လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။

 

ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းသား ကျောင်းသူများအား ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများကိုလည်း ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)