နတ်မောက်မြို့နယ်၌ ပဲစင်းငုံနှင့် နေကြာသီးညှပ်စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းစစ်ဆေး

နတ်မောက် နိုဝင်ဘာ ၂၄

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပဲစင်းငုံနှင့် ဆီထွက်သီးနှံနေကြာ သီးညှပ်စိုက်ပျိုးထားရှိမှုများကို နိုဝင်ဘာ ၂၃ ရက်က ချောင်းနက်ကျေးရွာအုပ်စုရှိ စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဝန်ထမ်းများက သီးညှပ်စိုက်ပျိုးထားသည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးနည်းပညာများအား အသိပညာပေး ဆွေးနွေးပြောကြား ခဲ့သည်။

 

နတ်မောက်မြို့နယ်တွင် မိုးဦးသီးနှံများဖြစ်သည့် နှမ်း၊ မြေပဲသီးနှံများအတွင်း  ပဲစင်းငုံသီးညှပ် ဧက(၃၇၀၅၂) စိုက်ပျိုးနိုင်ခဲ့ပြီး နှမ်းများရိတ်သိမ်းအပြီးတွင် ပဲစင်းငုံစိုက်ပျိုးထားသည့် တန်းကြားများ အတွင်း ဆောင်းသီးနှံများဖြစ်သည့် နေကြာ၊ ချည်မျှင်ရှည်ဝါ၊ မြေပဲနှင့် ပဲတီစိမ်းသီးနှံများကို သီးထပ် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံက သိရသည်။

 

လှဝင်း(ပြန်/ဆက်)