နတ်မောက်မြို့နယ်ရုံး၊ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် စာအုပ်ထဲမှစာပေများ မိတ်ဆက်ခြင်း နှင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိ

နတ်မောက်  ဒီဇင်ဘာ  ၁၆

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေချစ်သူ၊ စာဖတ်ဝါသနာပါသူ၊ စာဖတ်/စာငှါးပရိသတ်များအတွက် စာအုပ်ထဲမှစာပေများ မိတ်ဆက်ခြင်းအစီအစဉ်များနှင့် ကလေးငယ်များအတွက် Online မှတစ်ဆင့် ပုံပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များကို မြို့နယ်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌နေ့စဉ် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ရုံးဝန်ထမ်းများက  စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာပါသူများနှင့်ပူးပေါင်းပြီး စာအုပ်ထဲမှစာပေများ မိတ်ဆက်ခြင်း အစီအစဉ်များကိုလည်းကောင်း  ၊  ကလေးငယ်များအတွက် အသိပညာပေး လုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ပေးလျက်ရှိပြီး နတ်မောက်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် Facebook Page တွင်လည်း အသိပညာပေး Talk Showများ ၊ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

 

လှဝင်း (နတ်မောက် )