နတ်မောက် မေ ၂၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခမဲ့ကွန်ပျူတာသင်တန်းဆင်းပွဲကို မေ ရက်က လူထုအခြေပြု ဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့် ယနေ့ခေတ်တွင် ကွန်ပျူတာပညာရပ်ကို မဖြစ်မနေ တတ်မြောက်ရန်လိုအပ်ပါကြောင်း၊ အခြေခံတတ်မြောက်ပြီးသွားလျှင် ကွန်ပျူတာနှင့်ပတ်သက်၍ နည်းပညာများကိုလေ့လာရာတွင် ပိုမိုလွယ်ကူသွားမည်ဖြစ်ကြောင်း၊ ကွန်ပျူတာကိုလည်း စဉ်ဆက်မပျက် လေ့လာသွားရန် လိုကြောင်းနှင့် လူထုအခြေပြုဗဟိုဌာနသို့ လာရောက်အသုံးရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်နှင့် စာရိတ္တခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး ကွန်ပျူတာသင်တန်းတွင် တက်ရောက်သည့် သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းပြီးသော်လည်း ကွန်ပျူတာကို လာရောက်လေ့ကျင့်နိုင်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိတို့က သင်တန်းသား သင်တန်းသူ(၅၃) ဦးတို့အား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
လှဝင်း(ပြန်/ဆက်)