နတ်မောက်မြို့နယ်တွင် စံပြကွက်များအတွက် သီးနှံပြုစုစောင့်ရှောက်ခများ ပေးအပ်ပွဲကျင်းပ

နတ်မောက် ၂၈ ဇူလိုင်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ပြုလုပ်သည့် နတ်မောက်မြို့နယ်တွင် စံပြကွက်များအတွက် သီးနှံပြုစုစောင့်ရှောက်ခများ ပေးအပ်ပွဲကို ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

1954

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်လင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကြည်မြင့်တို့က သီးနှံပြုစုစောင့်ရှောက်ခများကို တောင်သူများလက်ဝယ်သို့ အသီးသီးပေးအပ်ခဲ့ကြသည်။ နတ်မောက်မြို့နယ်အတွင်း နွေစပါးစံပြကွက်(၈၀)ဧက၊ မိုးမြေပဲစံပြကွက်(၁၀)ဧက၊ မိုးနှမ်းစံပြကွက်(၁၀)ဧက စုစုပေါင်းဧက(၁၀ဝ)အား (၁)ဧကလျှင်(၅၀ဝ၀ဝ)ကျပ်နှုန်း တောင်သူများအား ပေးအပ်ခဲ့ကြကြောင်း သိရသည်။

လှဝင်း(နတ်မောက်)