နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ  

 နတ်မောက်၊  ၂၇  ဇန်နဝါရီ                                                      

မကွေးတိုင်းဒေသကြီး  နတ်မောက်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား မြို့နယ်ပြည်သူ့ ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ  ၁ နာရီမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပထမကြိမ် စတင်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းစည်သူမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိရာ မြို့နယ်ကျန်းမာရေးဦးစီးဌာန   (ပြည်သူ့ကျန်းမာရေးဦးစီးဌာန + ကုသရေးဦးစီးဌာန ) (၂၅၇)ဦး၊ တိုင်းရင်းဆေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်း(၂)ဦး၊  အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး  စုစုပေါင်း (၂၆၃)ဦးတို့အား     (၂)ရက်ကြာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ်အတွင်းရှိ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တိုင်းရင်းဆေးဦးစီးဌာနမှ ဝန်ထမ်းများအတွက် အိန္ဒိယနိုင်ငံမှလှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIEND) အလုံးရေ (၂၉)လုံး ရရှိပြီး တစ်လုံးလျှင် လူ(၁၀) ဦး ထိုးနှံနိုင်ကြောင်းလည်း သိရသည်။  

မူမူစန်း(နတ်မောက်)