နတ်မောက်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် အ.ထ.က(၃)အောင်ဆန်းကျောင်းသို့ စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေး

နတ်မောက်  ဖေဖော်ဝါရီ ၁၁

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်သည်  ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် အ.ထ.က(၃)အောင်ဆန်းကျောင်းသို့ သွားရောက်၍ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့သည်။ 

 

“စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းဖြင့် စာဖတ်သည့် အလေ့ကျင့်ကောင်းများ ပိုမိုကောင်းမွန်လာစေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန်၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာသည့်အပြင် စာပေများမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အလုပ်တာဝန်များမအားလပ်၍ စာကြည့်တိုက်သို့မလာ ရောက်နိုင်သူများအတွက် သွားရောက်ငှားရမ်းပေးခြင်းဖြစ်သည်” ဟု မြို့နယ်ပြန်/ဆက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 

နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်များသို့ နှစ်ပတ်လျှင် (၁) ကြိမ် စာအုပ်၊ စာစောင်များ လှဲလှယ်၍ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။ 

 

ဖြိုးဖြိုး