နတ်မောက်မြို့ရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ပုံမှန် ထုတ်လုပ်ပေးလျက်ရှိ

နတ်မောက်   အောက်တိုဘာ   ၂၅

 

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ စိတ်ဓာတ်ဖြူစင် ကရုဏာရှင် လူမှုကူညီရေးအသင်း ရုံးဝင်းအတွင်း တည်ဆောက်ထားသော အောက်ဆီဂျင်စက်ရုံမှ အရေးပေါ် အောက်ဆီဂျင် ပေးသွင်းရန် လိုအပ်သည့် လူနာများအား အောက်ဆီဂျင် လုံလုံလောက်လောက် ရရှိနိုင်စေရေး နေ့စဉ်ပုံမှန် လည်ပတ်လျက်ရှိသည်။

 

 

အဆိုပါအောက်ဆီဂျင်စက်ရုံမှာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နတ်မောက်မြို့နယ်ရှိ အလှူရှင်များ စုပေါင်းလှူဒါန်းမှူဖြင့် 30M3/hr Oxygen Generation Plant  အမျိုးအစား အောက်ဆီဂျင်စက် အမျိုးအစားဖြစ်ကြောင်း၊ စက်ရုံအတွက် လျှပ်စစ်ပိုင်းအနေဖြင့် 160KVA ထရန်စဖော်မာနှင့် တွဲဖက်အသုံးပြုကြောင်း၊ တစ်ရက်လျှင် အောက်ဆီဂျင်အိုး ၄၀ လီတာအိုး  အလုံး ၄၀ ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ စက်ပစ္စည်းများ နေရာချထားရေးနှင့် နေ့စဉ်ပုံမှန် လည်ပတ်နိုင်ရေး အတွက် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

 

သင်းသင်းမြတ်