နတ်တလင်းမြို့ ရေကြည်ကျေးရွာတွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

နတ်တလင်း၊    ၂၀     မေ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ရေကြည်ကျေးရွာနေ ဒေါ်မချို၏ နေအိမ်တွင် မေ ၁၉ရက် ည ၈ နာရီ ၅ မိနစ်ခန့်၌ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့်  မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

မီးလောင်ရာသို့ တာပွန်နယ်မြေမီးသတ်စခန်းမှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးတို့က မီးငြှိမ်းသတ် ယာဉ် ၂ စီးဖြင့် သွားရောက်ငြိှမ်းသတ်ခဲ့ရာ ပတ်ဝန်းကျင်နေအိမ်များအား မီးကူးစက်မှုမရှိဘဲ  စတင်လောင်ကျွမ်းသည့်နေအိမ်တစ်လုံးသာ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မီးလောင်ရသည့် အကြောင်းအရင်းမှာ နေအိမ်ရှိ မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့်  စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး ဒေါ်မချိုအား တာပွန်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။

တင်မြင့် (နတ်တလင်း)