နတ်တလင်းမြို့၌ ရှာဖွေကယ်ဆယ်ရေး သင်တန်းဆင်းပွဲကျင်းပ

နတ်တလင်း  ၂၉  ဇူလိုင်

 

ရှာဖွေကယ်ဆယ်ရေး သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် မီးသတ်ဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။

 

သင်တန်းဆင်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးကိုတင့် က သင်တန်းဆင်း အမှာစကား ပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးစန်းဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းမှ ပို့ချပေးသည့် ပညာများဖြင့် သဘာဝဘေးအန္တရာယ် တွေ့ကြုံရသည့် ပြည်သူများကို ကူညီကယ်တင်ပေးရန် ပြောကြားခဲ့သည်။

 

ထို့နောက် သင်တန်းတွင် ထူးချွန်ဆု ရသူများနှင့် အလှူရှင်များကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသူများက ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှု စွမ်းရည်များကို လက်တွေ့ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို ဇူလိုင် ၂၂ ရက်မှ ၂၉ ရက်အထိ ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

 

နတ်မင်းကြီး(နတ်တလင်း)