နတ်တလင်း ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် ဇမ္ဗူဝင်းဆန်စက်မှ အာမခံအလုပ်သမား ဦးဇော်လွင်ဦး၏ လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ခွင့်ပြုထုတ်ပေးခြင်းကို ဇွန် ၂၂ ရက်က နတ်တလင်းမြို့ လူမှုဖူလုံရေးရုံး၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် နတ်တလင်းမြို့နယ် လူမှုဖူလုံရေးရုံးမှ မြို့နယ်တာဝန်ခံအရာရှိ ဒေါ်ယဉ်ယဉ်နွယ်က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေ၊ နည်းဥပဒေပါအကျိုးခံစားခွင့်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အလုပ်ခွင်အတွင်း ထိခိုက်ဒဏ်ရာရသေဆုံးမှု(EI)အတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းအကျိုးခံစားခွင့် ငွေကျပ် ၃၀၀၀၀၀၀ ကို ဦးဇော်လွင်ဦး၏ဇနီး ဒေါ်နွယ်နွယ်ဝင်းထံသို့ အလုပ်ဌာန တာဝန်ရှိသူများနှင့် မိသားစုဝင်များရှေ့တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


