နတ်တလင်းမြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့်တောင်သူများအား သွင်းအားစုပစ္စည်းများ ပေးအပ် 

နတ်တလင်း ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင်  နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နတ်တလင်း ခရိုင်အတွင်းရှိ နွေစပါးစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများ စပါးအထွက်နှုန်း တိုးတက်စေရေးအတွက် လိုအပ် သော သွင်းအားစုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားတွင် နတ်တလင်းခရိုင်လုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့်တောင်သူများအား လိုအပ်သော သွင်းအားစုပစ္စည်းများကို ခရိုင် လုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဌနှင့် နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်လုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဌများမှ တောင်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး တက်ရောက်လာသော တောင်သူများ၏ ကိုယ်စားတောင်သူ ဦးမောင်မောင်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)