နတ်တလင်းတွင် ဒုတိယအကြိမ် ကလေးစာပေပွဲတော် ကျင်းပ

နတ်တလင်း ၄  ဇန်နဝါရီ

 

ဒုတိယအကြိမ် ကလေးစာပေပွဲတော်ကို မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအကူအညီကိုရယူ၍ မြို့နယ်စာပေချစ်သူများ ဦးဆောင်ပြီး ဇန်နဝါရီ ၄ ရက်နေ့ နံနက် ၈ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့(မြို့မ) အထက်တန်းကျောင်း၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်အေး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေဝဏ္ဏလှိုင်နှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့သည်။

 

ကလေးစာပေပွဲတော်ကို အနာဂတ်နိုင်ငံတော်၏ ရင်နှစ်သည်းချာရတနာလေးများဖြစ်သည့် ကလေးလူငယ်များ စာပေ၌ မွေ့လျော်ပြီး ရာသက်ပန် ပညာရှာမှီးသူများနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် စာပေဗဟုသုတ ရရှိစေရေး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ပြီး စွမ်းဆောင်ရည်များ မြင့်မားလာစေရန် စုပေါင်းလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေလာစေရန် မိမိကိုယ်ကိုယုံကြည်မှု တိုးပွားလာပြီး လူမှုဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။

 

ကလေးစာပေပွဲတော်တွင် စာအုပ်ဈေးရောင်းပွဲတော် အသိပညာပေးပြခန်းများတွင် သိပ္ပံပြခန်း ကျန်းမာရေးပြခန်း အများပြည်သူစိတ်ဝင်စားဖွယ်ပြခန်းများ ပါရှိသည့်အပြင် ကလေးလူငယ်များအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲ ပန်းချီပြိုင်ပွဲ (ပုံတူရုပ်ပြောင်ရေးဆွဲခြင်း) ဉာဏ်စမ်းပဟေဠိ၊ မြန်မာ့ရိုးရာ စကားပုံဆိုရိုးစကား အင်္ဂလိပ်စာဖတ်စွမ်းရည် မြန်မာစာဖတ်စွမ်းရည်ပြိုင်ပွဲ ကျပန်းစကားပြောပြိုင်ပွဲများနှင့် အခြားဂိမ်းပြိုင်ပွဲ၊ အရုပ်ဆက်ပွဲဆေးခြယ်ပြိုင်ပွဲ၊ ခွက်ရွှေ့ခုံဖိနပ်စီးပြိုင်ပွဲများ ပုံပြောပြိုင်ပွဲများ ပါဝင်ကြသည်။

 

အဆိုပါ ကလေးစာပေပွဲတော်ကို ဇန်နဝါရီ  ၅ ရက်နေ့အထိ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။          


                           
MDN

 

IMG_20190104_093909