နျူကလီးယားခြိမ်းခြောက်မှုခေတ်ကို အဆုံးသတ်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တောင်းဆို

ဂျီနီဗာ   စက်တင်ဘာ    ၂၈

ကုလသမဂ္ဂ    အတွင်းရေးမှူးချုပ် အန်တိုနီယို        ဂူတာရက်စ်က နျူကလီးယား     ခြိမ်းခြောက်မှု ခေတ်ကို အဆုံးသတ်ရန် တောင်း ဆိုလိုက်သည်။   နျူကလီးယား လက်နက်      မဖျက်သိမ်းဘဲနှင့် ငြိမ်းချမ်းရေးမရနိုင်ဟု      ဂူတာ ရက်စ်က ပြောကြားလိုက်သည်။ 

ကုလသမဂ္ဂသည်    စက်တင် ဘာလ ၂၆ ရက်နေ့ကို အပြည်ပြည် ဆိုင်ရာ နျူကလီးယားလက်နက် များ လုံးဝပပျောက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။ 

ဂူတာရက်စ်သည်    အပြည် ပြည်ဆိုင်ရာ       နျူကလီးယား လက်နက်များ လုံးဝပပျောက်ရေး နေ့   အထိမ်းအမှတ်အဖြစ်  နယူး ယောက်ရှိ    ကုလသမဂ္ဂဌာနချုပ် တွင် စက်တင်ဘာ  ၂၆  ရက်က မိန့်ခွန်းပြောကြားသည်။ အဆိုပါ အထိမ်းအမှတ်ပွဲသို့             ကမ္ဘာ့ ခေါင်းဆောင်များနှင့် အဆင့်မြင့် အစိုးရအရာရှိများ တက်ရောက် ကြသည်။

ဂူတာရက်စ်က    ၎င်းသည် ၁၉၄၅ ခုနှစ် အမေရိကန်အဏုမြူ ဗုံးကြဲချခဲ့သည့်  (၇၇)  နှစ်မြောက် နှစ်ပတ်လည်      အထိမ်းအမှတ် ကျင်းပရန်       ပြီးခဲ့သည့်လက နျူကလီးယားဗုံးဒဏ်ခံခဲ့ရသော  ဂျပန်နိုင်ငံ  အနောက်ပိုင်း    ဟီရို ရှီးမားမြို့သို့ သွားရောက်ခဲ့ကြောင်း ပြောကြားသည်။ 

နျူကလီးယား  ဗုံးဒဏ်ခံစား ခဲ့ရသူများနှင့်တွေ့ဆုံမှုကို    ပြော ကြားရာတွင်      ဂူတာရက်စ်က နျူကလီးယားဗုံးဒဏ်မှ အသက် ရှင်သန်ကျန်ရစ်သူများ    တစ်နှစ် ထက်တစ်နှစ်      နည်းလာပြီဖြစ် ကြောင်း၊  သို့သော်လည်း ၎င်းတို့ ဆီမှထွက်ပေါ်လာသည့်   သတင်း စကားသည် ပိုမိုကျယ်လောင်လာ ကြောင်း ပြောကြားသည်။ 

နျူကလီးယားလက်နက် ဖျက် သိမ်းရေးသည် အနာဂတ်မျိုးဆက် သစ်များအတွက် အကောင်းဆုံး လက်ဆောင်ဖြစ်ကြောင်း ၎င်းက ပြောကြားလိုက်သည်။ 

အင်န်အိတ်ချ်ကေ