နျူကလီးယားလက်နက်များ အပြီးတိုင်ဖျက်သိမ်းရေး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဂျပန်နိုင်ငံခရီးစဉ်၌ တောင်းဆိုဖွယ်ရှိ

တိုကျို ၁  အောက်တိုဘာ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ၎င်း၏ အလည်အပတ်သွားရောက်ရန် စီစဉ်ထားသည့် ဂျပန်နိုင်ငံ နာဂါဆာကီမြို့ ခရီးစဉ်အတွင်း နျူကလီးယားလက်နက်များ အပြီးတိုင်ဖျက်သိမ်းရေး တောင်းဆိုမည့် သတင်းစကားတစ်ခုကို ထုတ်ဖော်ပြောကြားဖွယ်ရှိကြောင်း ယနေ့တွင် အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်က ဖော်ပြထားသည်။

ပုပ်ရဟန်းမင်းကြီးသည် ၎င်း၏ လေးရက်ကြာ ဂျပန်နိုင်ငံခရီးစဉ်အတွင်း အဏုမြူဗုံးဒဏ်သင့်ခဲ့သည့် ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များသို့ သွားရောက်မည်ဖြစ်ကြောင်းနှင့် ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်သည် နိုဝင်ဘာ ၂၃ ရက်တွင် စတင်မည်ဖြစ်ကြောင်း ဗာတီကန်က ပြီးခဲ့သည့်လတွင် ကြေညာခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် နိုဝင်ဘာ ၂၄ ရက်တွင် နာဂါဆာကီသို့ သွားရောက်မည်ဖြစ်သည်။

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အလင်းသစ်