နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ သင်တန်းကျောင်းများတွင် ဖွင့်လှစ်ထားသော Quarantine Center များမှ လူနာများအတွက် အာဟာရဖြည့်အစားအစာများ ထောက်ပံ့

နေပြည်တော် ဩဂုတ် ၆

 

နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဒီဂရီကောလိပ်နှင့် သင်တန်းကျောင်း ၆၃ ကျောင်းတွင် ကိုဗစ်-၁၉ ပထမနှင့် ဒုတိယအကျော့ကာလအတွင်း ၂၀၂၀ ပြည့်နှစ် ဧပြီ ၉ ရက်မှ ၂၀၂၁ ခုနှစ် မတ် ၁၈ ရက်အထိ Quarantine Center များ ဖွင့်လှစ်ခဲ့၍ ပြည်တွင်း၊ ပြည်ပမှ မြန်မာနိုင်ငံသား ၉၃၈၃ ဦး Quarantine လက်ခံခဲ့သည်။ ကိုဗစ်-၁၉ တတိယ အကျော့စတင်ချိန်မှစ၍ သင်တန်းကျောင်း ၃၂ ကျောင်းတွင် အင်အား ၁၄၂၉ ဦး ဆံ့မည့် Quarantine Center များ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ၂၀၂၁ ခုနှစ် ဇူလိုင် ၆ ရက်မှ ယနေ့ထိ လူနာ ၆၂၉ ဦး လက်ခံခဲ့သည်။ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် Quarantine ဝင်ရောက်လျက်ရှိသော လူနာများအား တစ်ဦးလျှင် တစ်ရက် ကြက်ဥသုံးလုံး၊ ကွေကာ တစ်ထုပ်၊ အိုဗာတင်းတစ်ထုပ်၊ ဟောလစ်တစ်ထုပ်နှင့် ခေါက်ဆွဲခြောက် တစ်ထုပ်နှုန်းဖြင့် အာဟာရဖြည့် အစားအစာများကို စတင်ဝင်ရောက်ချိန်မှ ပြန်လည်ထွက်ခွာသည့်ရက်အထိ ထောက်ပံ့ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်